Tuesday, January 3, 2023

 Phay Phay Vlog ကို ဘယ်လိုလုပ်ဖြစ်သွားတာလဲ

××××××××××××××××××××××××××××××××××××

ဖေဖေ၊ မေမေများအားလုံးမင်္ဂလာပါ။

ဖေဖေ ဒီ Vlog လေးကိုလုပ်ရခြင်းရည်ရွယ်ချက်ကို ဖတ်ရှုအားပေးနေတဲ့ ဖေဖေ၊ မေမေများနဲ့ အားပေးကြတဲ့ စာဖတ်ပရိတ်သတ်တွေကို မျှဝေပေးပါမယ်။ ဖေဖေက မူကြိုဆရာတစ်ယောက်ပါ။ အရင်က ဒီလိုစာရေးတာတွေကို မလုပ်ဖြစ်ပါဘူး။ ကျောင်းမှာပဲအချိန်ကုန်တာများပြီး သင်တန်းတွေနဲ့ပဲ အလုပ်များနေပါတယ်။ အခုတော့ ဖေဖေတို့ အိမ်ထောင်သက် (၃) နှစ်မှာပဲ ဘေဘီလေး ရှိလာပြီမို့ ကလေးပျိုးထောင်နည်းနဲ့ ကိုယ်ဝန်ဆောင်ကျန်းမာရေး ဗဟုသုတများကို ရှာဖွေဖတ်ရှုလေ့လာပြီး ဖေဖေလိုပဲ လေ့လာဖတ်ရှုလိုတဲ့ မိဘတွေအတွက် လေ့လာဖတ်ရှုထားသမျှ နားလည်သလောက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ လူထုအကျိုးပြုလုပ်ငန်းတစ်ခု ဘာလုပ်လို့ရလဲစဥ်းစားကြည့်တဲ့အခါ ကိုယ်သိထားတဲ့၊ လေ့လာထားတဲ့အ‌ကြောင်းအရာတွေကို ပြန်ပြီးမျှ‌ဝေလို့ရတယ်ဆိုတာစဥ်းစားမိပြီး ဒါလေးလုပ်ဖြစ်သွားတာပဲဖြစ်ပါတယ်။

ရင်ကတည်းကလည်း ကလေးပျိုးထောင်ခြင်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတာကြောင့် အချိန်လည်းရနေတာမို့ လေ့လာထားသမျှ ပြန်လည်ဖတ်ရှုရင်း နားလည်သလို ပြန်လည်မျှဝေပေးဖို့ Vlog လေးလုပ်ဖြစ်လာပါတယ်။ ကိုယ့်ကလေးအတွက် လေ့လာရင်း ပြန်လည်မျှဝေဖြစ်သွားတာပါ။ မေမေကိုယ်ဝန်ဆောင်ကာလမှာ ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်ပြီး အသိပညာဗဟုသုတများကို မျှဝေပြီး ဘေဘီလေးမွေးလာတဲ့အခါမှာလည်း ဘယ်လိုပျိုးထောင်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေလေ့လာပြီး ကလေးပျိုးထောင်နည်းတွေကို ဆက်လက်မျှဝေနေမှာဖြစ်ပါတယ်။ Vlog မှမျှဝေမည့် အကြောင်းအရာတွေကတော့ ဖေဖေ့ရဲ့ရင်သွေးလေး အသက်အရွယ်လိုက် မတူညီတဲ့အကြောင်းအရာတွေဖြစ်ပါမယ်ခင်ဗျာ။ ကိုယ်ဝန်ဆောင်မှာ ကိုယ်ဝန်ဆောင်ဗဟုသုတ၊ မွေးဖွားလာချိန်မှာ မွေးဖွားခါစ အတွေ့အကြုံနဲ့ ဗဟုသုများ၊ အသက်တစ်နှစ်၊ နှစ်နှစ် စသဖြင့် ကလေးအရွယ်လိုက် မတူညီတဲ့အကြောင်းအရာတွေကို လေ့လာပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။

နောက်ပိုင်းတွေမှာ ကလေးပျိုးထောင်နည်း Short video တွေလည်းလုပ်သွားဖို့ မျှော်လင့်ထားပါတယ်။ Vlog ကိုအားပေးကြတဲ့ ဖေဖေ၊မေမေတွေအနေနဲ့ မျှဝေထားတဲ့ အကြောင်းအရာတွေအပေါ်မှာ ဝေဖန်အကြံပြုနိုင်ပါတယ်။ လွဲချော်မှုတွေရှိနေရင်လည်း အမှန်ပြင်ပေးဖို့ ကူညီပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖေက ဒီအကြောင်းအရာတွေပေါ်မှာ ပညာရှင်အဆင့်မဟုတ်တာကြောင့် ကြိုးစားသင်ယူရင်း အကောင်းဆုံးမျှဝေပေးသွားပါမယ်။ ဒါကြောင့် Phay Phay Vlog ရဲ့ရည်ရွယ်ချက်ကတော့ ကလေးပြုစုပျိုးထောင်တဲ့အခါမှာ နည်းစနစ်မှန်ကန်အောင် ကြိုးစားလေ့လာပြီး ရည်ရွယ်ချက်တူ၊ ဝါသနာတူ လိုအပ်တဲ့ဖေဖေ၊မေမေများအတွက် ကလေးအသက်အရွယ်လိုက် မတူညီတဲ့အကြောင်းအရာတွေကို ကြိုးစားမျှဝေပေးသွားပါမယ်။ ဖေဖေ၊မေမေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ 🙏🙏🙏

ဖေဖေ၊မေမေများအနေနဲ့ အတူဆွေးနွေးတိုင်ပင်ရန် Group ဖွဲ့ပေးထားပါတယ်ခင်ဗျာ။

ဖေဖေ၊မေမေများ ဆွေးနွေးတိုင်ပင်ရာ

Phay Phay Vlog မှအသစ်တင်တိုင်းဖတ်ရှုနိုင်ရန် 

https://www.facebook.com/phayphay.vlog/

ဖေဖေ‌နဲ့အတူ ဆွေးနွေးတိုင်ပင်နိုင်ရန်

http://m.me/phayphay.vlog

Phay Phay Vlog ကိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးပါ။

#Phayphayvlog

#ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများ

#ကလေးစောင့်ရှောက်ရေးနည်းလမ်းများ

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်။

#ကျေးဇူးပြု၍Creditပေးပါ။



No comments:

Post a Comment

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...