Tuesday, January 3, 2023

 သားသားကို Tummy Time (ဝမ်းလျားမှောက်ခြင်း) လုပ်ပေးဖြစ်ပါတယ်

ဖေဖေမေမေများအားလုံးမင်္ဂလာပါ

Phay Phay Vlog မှာ စာတွေမရေးဖြစ်တာအတော် ကိုကြာနေခဲ့ပါပြီ

သားသားမွေးလာတော့ မေမေကိုကူညီစောင့်ရှောက်ရတာရယ်၊ သားသားကို ဂရုစိုက်တာနဲ့ အလုပ်များသွားတာနဲ့ပဲ စာတွေမရေးဖြစ်တော့တာပါ။ ခုနောက်ပိုင်းမှာတော့ သားသားနဲ့မေမေကို စောင့်ရှောက်ရင်း ကြုံတွေ့ရတာလေးတွေ လုပ်ပေးဖြစ်တာလေးတွေကို စာရေးရုံပဲမဟုတ်ပဲ ဗီဒီယိုလေးတွေပါ တင်ပေးသွား‌ဖို့ရှိပါတယ်ခင်ဗျာ။ ကျွန်တော့် Vlog လေးကို အားပေးကြတဲ့ ဖေဖေမေမေများကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ဒီနေ့မှာတော့ သားသားကို လုပ်ပေးဖြစ်တာတွေထဲကမှ တစ်ခုဖြစ်တဲ့ Tummy Time အကြောင်းလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

Tummy Time ဟာ ကလေးဘဝမှာ အရေးကြီးတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးတွေရဲ့ငယ်ရွယ်စဥ်အခါ မွေးကင်းစမှစ၍ လိုအပ်တဲ့ဖွံ့ဖြိုးမှုတွေကို Tummy Time မှ တဆင့် ရရှိနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ ကြွက်သားကြီး၊ ကြွက်သားငယ်များ၊ အမြင်အာရုံနှင့် အာရုံခံစားမှုများ၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အသက်အရွယ်လိုက် ကိုက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေရရှိစေဖို့ မွေးကင်းစမှစ၍ ဝမ်းလျားမှောက်ခြင်းကို လေ့ကျင့်ပေးရပါတယ်။ ကလေးတွေ ထိုင်တတ်ဖို့ လေးဘတ်သွားဖို့နဲ့ လမ်းလျှောက်တတ်ဖို့အဆင်သင့်ဖြစ်အောင် မွေးကင်းစမှစပြီး ဝမ်းလျားမှောက်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ မွေးကင်းစကနေပြီး Tummy Time ကို ပုံမှန်လေးလုပ်ပေးဖြစ်ပါတယ်။ အခုဆိုရင်သားသားက (၂) လခွဲရှိပါပြီ။ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုကိုရရှိဖို့အတွက် တက်ထားတဲ့သင်တန်းများ အင်တာနက်စာမျက်နှာများမှ ဖတ်ရှုထားသောအကြောင်းအရာများ ပညာရှင်ဆရာ၊မများ၏ လမ်းညွှန်ချက်များကို လိုက်နာပြီး စနစ်တကျလေးပျိုးထောင်ပေးဖြစ်ပါတယ်။ နောက်ထပ်‌ရောက်လာမည့် အသက်အရွယ်များအတွက်လည်း ကြိုတင်လေ့လာနေရပါပြီ။ သားသားနဲ့မေမေကို စောင့်ရှာက်ရင်းကနေပြီး သိရှိလာတာက ကလေးပျိုးထောင်ခြင်းက တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာပါပဲ။ ဒါပြီးရင် ဘာတွေသားသားလုပ်တတ်လာမလဲတွေးပြီး ရင်ခုန်ပျော်ရွှင်ရပါတယ်။ ဖွံ့ဖြိုးမှုမှတ်တိုင်တိုင်းဟာလည်း တကယ်ပဲ့အံ့ဩရလောက်ပါတယ်။

Phay Phay Vlog ကိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးပါ။

#Phayphayvlog

#ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများ

#ကလေးစောင့်ရှောက်ရေးနည်းလမ်းများ

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်။

#ကျေးဇူးပြု၍Creditပေးပါ။ 




No comments:

Post a Comment

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...