Saturday, November 27, 2021

သင့်ကလေးကို ဘယ်လိုပုံစံနေစေချင်တာလဲ?

သင့်ကလေးကို ဘယ်လိုပုံစံနေစေချင်တာလဲ?

ဖေဖေ၊ မေမေတွေအားလုံး မိမိရဲ့ကလေးကို အောင်မြင်စေချင်တာ သဘာဝပါ။ ဒါကြောင့်မိဘတိုင်းဟာ သားသမီးတွေကို တတ်စွမ်းသမျှ ပြုစုပျိုးထောင်ပေးကြပါတယ်။ ကလေးပျိုးထောင်တဲ့အခါ ဖြစ်လာတဲ့ပြဿနာက မှန်ကန်တဲ့နည်းလမ်းနဲ့ ပျိုးထောင်ဖို့ ခက်ခဲကြခြင်းပါပဲ။ ဖေဖေတို့နိုင်ငံမှာ ကလေးပျိုးထောင်ခြင်း နည်းပညာကိုစိတ်ဝင်စားတဲ့ မိဘဆိုတာ အလွန်နည်းနေပါသေးတယ်။ ဒါကြောင့် မိဘတိုင်းက ကလေးပျိုးထောင်ခြင်းကို လက်လှမ်းမှီသလောက် လေ့လာသင့်ပါတယ်။ ဥပမာ စာအုပ်စာပေ ရှာဖွေဖတ်ရှုတာမျိုးတွေ လုပ်သင့်ပါတယ်။ နည်းလမ်းမှန်မှန်နဲ့ ပျိုးထောင်ပေးခြင်းခံရတဲ့ကလေးနဲ့ သမာရိုးကျနည်းလမ်းပဲသုံးပြီး ပျိုးထောင်ခြင်းခံရတဲ့ကလေးတွေဟာ ဘဝရပ်တည်မှုမှာမတူညီကြပါဘူး။ ဉာဏ်ပညာ ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နဲ့ စိတ်ပိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်နိုင်မှုတွေမှာ အရမ်းကိုကွာခြားသွားပါတယ်။ ဒါကြောင့် အချို့နိုင်ငံတွေမှာဆို အိမ်ထောင်မပြုခင် ကလေးပြုစုပျိုးထောင်နည်းသင်တန်းများ တက်ရောက်ပြီးမှ ထိမ်းမြားလက်ထပ်ခွင့် ရှိကြပါတယ်။ ကလေးဆိုတာ အနာဂတ် သားကောင်းရတာနာတွေဖြစ်လို့ အထူးဂရုပြု ပြီးပျိုးထောင်ပေးသင့်ပါတယ်။ ဒါကြောင့် နည်းလမ်းမှန်မှန်နဲ့ပျိုးထောင်ပေးခြင်းက မိမိကလေး အနာဂတ်အတွက် ကိုယ်ပိုင်ရပ်တည်နိုင်သွားပါလိမ့်မယ်။
အထူးသဖြင့် မိဘ‌တော်တော်များများဟာ မိမိကလေးကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပျိုးထောင်တဲ့အခါ မိဘကိုယ်တိုင်က စံနမူနာဖြစ်နေရပါမယ်။ ကလေးကိုတော့ စည်းကမ်းသတ်မှတ်ပြီး ကိုယ်တိုင်ကျ မလိုက်နာဖြစ်ဘူးဆိုရင် ကလေးက ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် မိဘများကိုယ်တိုင် မိမိကလေး မိမိဖြစ်စေချင်တဲ့ပုံစံဖြစ်ဖို့ လိုချင်တဲ့ပုံစံကို ကိုယ်ကိုတိုင် လုပ်ဆောင်ပြရပါမယ်။ ဒါမှကလေးက တဆင့်သင်ယူပြီး တိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။

#ကျေးပြုပြီး Creditပေးပါ 


No comments:

Post a Comment

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...