Sunday, January 29, 2023

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

 

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

************************************

မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ

ဒါပေမဲ့ နည်းလမ်းမှန်မှန်နဲ့တော့ မိဘတိုင်းမချစ်တတ်ကြပါဘူးနော်။ ဖေဖေကတော့ သားကို ငယ်ငယ်ကတည်း ကဆူတာ၊ ငေါက်တာတွေ မလုပ်ဖို့နဲ့ အိမ်မှာရှိတဲ့မိသားစုတွေကိုလည်း ကလေးပျိုးထောင်တာနဲ့ပတ်သတ်ပြီး လေ့လာထားသလောက် ပြန်လည်မျှဝေဖြစ်ပါတယ်။ ဘာလို့လည်းဆို ကိုယ်တစ်ယောက်တည်းသိနေရုံနဲ့မဖြစ်ပါဘူး သားကိုအတူကူကြည့်ပေးတဲ့ မိသားစုဝင်တွေလည်း စောင့်ရှောက်ပုံ တစ်ပုံစံတည်းဖြစ်အောင် တသတ်မတ်တည်း စနစ်ကျတဲ့ကလေးပျိုးထောင်နည်းကို အကြောင်းအရာတိုက်ဆိုင်လာတိုင်း ပြောပြပေးဖြစ်ပါတယ်။ ကလေးကိုစောင့်ရှောက်ပေးတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ပညာပေး၊ နည်းလမ်းပေးတာတွေလုပ်နိုင်မှသာ ကလေးပျိုးထောင်တာပိုပြီး စနစ်ကျလာမှာပဲဖြစ်ပါတယ်။


ဒါကြောင့် ကလေးကို အချစ်ပေးတဲ့အခါ အပြစ်ပေးမိသလိုမဖြစ်အောင် စောင့်ရှောက်သူတွေက သတိထားဖို့လိုအပ်ပါတယ်။ ကလေးကိုပြောတဲ့ စကားလုံးတွေလည်းအရမ်းဂရုစိုက်ရပါတယ်။ ဖေဖေကတော့ ကလေးရှေ့မှာ အော်ဟစ်ပြောဆိုကြိမ်းမောင်းတာ၊ ဆူတာ၊ဆဲတာတွေ ကိုယ်တိုင်မလုပ်သလို ပတ်ဝန်းကျင်ကပြုမှုနေရင်လည်း အဆင်ပြေတဲ့ တစ်နေရာကို ကလေးမသင်ယူဖြစ်အောင် ရှောင်တိမ်းလိုက်ပါတယ်။ 


ကလေးတွေအမှားလုပ်မိတဲ့အခါ ကလေးနားလည်လွယ်တဲ့ အသုံးအနှုန်းနဲ့ ဘာကြောင့်မှားတယ်ဆိုတာကို နားလည်သဘောပေါက်အောင်ပဲရှင်းပြပေးသင့်ပါတယ်။ စည်းကမ်းတွေပေးခြင်းထက် နည်းလမ်းတွေပေးခြင်းကပိုထိရောက်တာမို့ ကလေးကို နားလည်အောင်ရှင်းပြီး နည်းလမ်းကိုသာပေးသင့်ပါတယ်။ ကလေးအမှားလုပ်မိလို့ နည်းလမ်းပေးရှင်းပြတဲ့အခါ လုပ်လက်စအလုပ်တွေခဏထားပြီး ကလေးအနားကိုသွားပြီး မျက်လုံးချင်းစုံကြည့်ပြီး သေချာရှင်းပြပေးရပါတယ်။ ဒီနည်းလမ်းက ဖေဖေတို့မူကြိုမှာ အသုံးပြုတဲ့ နည်းလမ်းတွေထဲကတစ်ခုဖြစ်တာကြောင့် ဒီနည်းကတကယ်အလုပ်ဖြစ်တယ်ဆိုတာကို လက်တွေ့ကျကျကျင့်သုံးပြီးမှ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ 


ကလေးတွေက ဒီလိုရှင်းပြလို့ အမှားအပေါ်မှာ နားလည်သွားပြီဆို နောင်ဒီလိုမလုပ်မိတော့တာကို ဖေဖေ၊မေမေတို့ သတိထားမိလာပါလိမ့်မယ်။ ကလေးကိုရှင်းပြတဲ့အခါမှာလည်း ညင်သာတဲ့စကားလုံးအသုံးအနှုန်းဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် နူးညံ့ညင်သာတဲ့ အသုံးအနှုန်းက လိုက်နာနိုင်စွမ်းကို ပိုပြီးကောင်းစေတာကြောင့်ပဲဖြစ်ပါတယ်။  


ဖေဖေ၊မေမေများ ကလေးကို သွန်သင်ဆုံးမတဲ့အခါ အချစ်ပေးရာမရောက်ပဲ အပြစ်ပေးသလိုမဖြစ်ကြဖို့ အထူးဂရုပြုကြဖို့ Phay Phay Vlog မှ ကူညီအကြံပေးလိုက်ရပါတယ်နော်။ ကိုယ့်ရဲ့ကလေးအနာဂတ်ကောင်းဖို့မျှော်လင့်ထားရင် ယခုလက်ရှိပစ္စုပ္ပန်မှာ ကလေးကို အကောင်းဆုံးပျိုးထောင်ပေးပါ။


ဖတ်ရှုအားပေးကြတဲ့ ဖေဖေ၊မေမေတွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙏🙏🙏

နောက်ပိုင်းတွေမှာ ကလေးပျိုးထောင်နည်း Short video တွေလည်းလုပ်သွားဖို့ မျှော်လင့်ထားပါတယ်။ Vlog ကိုအားပေးကြတဲ့ ဖေဖေ၊မေမေတွေအနေနဲ့ မျှဝေထားတဲ့ အကြောင်းအရာတွေအပေါ်မှာ ဝေဖန်အကြံပြုနိုင်ပါတယ်။ လွဲချော်မှုတွေရှိနေရင်လည်း အမှန်ပြင်ပေးဖို့ ကူညီပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖေက ဒီအကြောင်းအရာတွေပေါ်မှာ ပညာရှင်အဆင့်မဟုတ်တာကြောင့် ကြိုးစားသင်ယူရင်း အကောင်းဆုံးမျှဝေပေးသွားပါမယ်။ ဒါကြောင့် Phay Phay Vlog ရဲ့ရည်ရွယ်ချက်ကတော့ ကလေးပြုစုပျိုးထောင်တဲ့အခါမှာ နည်းစနစ်မှန်ကန်အောင် ကြိုးစားလေ့လာပြီး ရည်ရွယ်ချက်တူ၊ ဝါသနာတူ လိုအပ်တဲ့ဖေဖေ၊မေမေများအတွက် ကလေးအသက်အရွယ်လိုက် မတူညီတဲ့အကြောင်းအရာတွေကို ကြိုးစားမျှဝေပေးသွားပါမယ်။ ဖေဖေ၊မေမေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ 🙏🙏🙏


ဖေဖေ၊မေမေများအနေနဲ့ အတူဆွေးနွေးတိုင်ပင်ရန် Group ဖွဲ့ပေးထားပါတယ်ခင်ဗျာ။

www.facebook.com/groups/myanmarparents/


Phay Phay Vlog မှအသစ်တင်တိုင်းဖတ်ရှုနိုင်ရန် 

https://www.facebook.com/phayphay.vlog/


ဖေဖေ‌နဲ့အတူ ဆွေးနွေးတိုင်ပင်နိုင်ရန်

http://m.me/phayphay.vlog


Phay Phay Vlog ကိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးပါ။

#Phayphayvlog

#ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများ

#ကလေးစောင့်ရှောက်ရေးနည်းလမ်းများ

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်။

#ကျေးဇူးပြု၍Creditပေးပါ။





No comments:

Post a Comment

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...