Tuesday, January 3, 2023

ဉာဏ်လင်းထက်@Bruno (၁) လသား ဖွံ့ဖြိုးမှုနှင့် ဖေဖေ၊မေမေ ၏ ပံ့ပိုးကူညီလှုံဆော်ပေးမှုများ

***********************************************************************

သားသားမွေးတော့ ဖေဖေရော မေမေပါ နီးနီးကပ်ကပ်နဲ့ အလုပ်တွေနားပြီး ပြုစုစောင့်ရှောက်ဖြစ်ပါတယ်။ အိမ်က နှစ်ဖက်မိဘတွေကလည်း ဂရုစိုက်ပေးကြပါတယ်။ ဖေဖေက ကလေးတွေအကြောင်းလေ့လာနေသူဖြစ်တော့ နှစ်ဖက်မိဘတွေက ကလေးကို ဘယ်လိုစောင့်ရှောက်ကြမလဲဆို ဖေဖေတို့ကို စိတ်ဝင်တစား စောင့်ကြည့်လေ့လာကြပါတယ်။ ဘာကြောင့်လည်းဆို ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံး တက်ထားတဲ့သင်တန်းနဲ့ ဖတ်ထားတဲ့စာအုပ်တွေကနေ အရင်လူကြီးမိဘတွေသိထားတဲ့ ကလေးစောင့်ရှောက်နည်းတွေနဲ့ ကွဲလွဲနေတဲ့ အချက်တွေကို ဖေဖေက ပြောပြထားတာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက်မိဘတွေကို အကူအနေလောက်ပဲ အကူအညီတောင်းပြီး ဖေဖေနဲ့ မေမေကပဲ သားသားကို အနီးကပ် အဓိကစောင့်ရှောက်ပါတယ်။ 

မွေးကင်းစကနေ တစ်လအတွင်းမှာ ကလေးရဲ့အနေအထားကဘယ်လို ဘာတွေလေ့ကျင့်ပေးပြီး ဘယ်လိုဖွံ့ဖြိုးမှုတွေစတင်လာမလဲဆိုတာကို ကြိုတင်သိရှိအောင်လေ့လာထားဖြစ်ပါတယ်။ မေမေနဲ့သားကျန်းမာရေးကိုလည်း ဆရာနဲ့ပဲတိုင်ပင်ပြီး ဆရာဝန်ပေးတဲ့ အကြံဉာဏ်တိုင်းပဲ ပြုမူနေထိုင်ဖြစ်ပါတယ်။ 

သားသားမွေးစကနေ (၁)လအတွင်း လေ့လာစောင့်ကြည့်ဖြစ်တာတွေထဲက အဓိကထားတဲ့ အချက်တွေကိုမျှဝေပေးပါမယ်။

- သားသား မေမေနဲ့ ဖေဖေကိုလိုက်ကြည့်လားဆိုတာ သေချာလေ့လာပါတယ်။

- သားသားကို အသံပေးတဲ့အခါ အသံကြားတာနဲ့ သားသားအမူအရာပြောင်းသွားလား အသံကြားရဲ့လားပေါ့နော်။ ဒါကိုလည်း လေ့လာပါတယ်။

- နောက်တစ်ခုက ခြေထောက်နဲ့ လက်တွေ လေးဖက်လုံး ကောင်းကောင်း လှုပ်ရှားနိုင်လားဆိုတာ လေ့လာစောင့်ကြည့်ပါတယ်။

ကလေးငယ်တွေအတွက် ဒီအချက်အလက်တွေက အရမ်းအရေးကြီးပါတယ်။ ကလေးကို ဂရုစိုက်ပြီး ဒါတွေ ရှိမရှိဆိုတာ လေ့လာစောင့်ကြည့်သင့်ပါတယ်။

သားသားမွေးကင်းစကနေ (၁)လအတွင်း လုပ်ပေးဖြစ်တာတွေထဲက အဓိကအချက်တွေကို ထပ်ပြီးမျှဝေပေးပါအုံးမယ်ခင်ဗျာ။

- Tummy Time လုပ်ပေးဖြစ်တယ်။

- သာသားကို အရမ်းချစ်တဲ့အကြောင်း စကားလုံးနဲ့ရော အမူအရာနဲ့ပါ ပြသဖြစ်ပါတယ်။

- အမြင်အာရုံ ဖွံ့ဖြိုးအောင် Black and White Flashcards တွေဖတ်ပြဖြစ်တယ်။

- Baby toys လေးတွေနဲ့ သားသားရှေ့မှာကစားပြတယ်။လှုပ်ရှားနေတဲ့ ပစ္စည်းလေးတွေ အရောင်တောက်တောက် ကစားစရာအရုပ်ကလေးတွေနဲ့ ကစားပေးဖြစ်တယ်။ လိုက်ကြည့်လား မကြည့်ဘူးလားဆိုတာသိရအောင်ပေါ့နော်။

- သားသားနဲ့ ရင်းနီးမှုရအောင် မြူပေးတယ်၊ သီချင်းဆိုပေးတယ်၊ ပြုံးတာ၊ ရယ်တာ၊ စကားတွေများများပြောပေးဖြစ်တယ်။ စကားပြောတဲ့အခါမှာလည်း အားလုံးတတ်သိနားလည်နေတဲ့သူတစ်ယောက်ကိုပြောသလို ပြောပေးပါတယ်။ ‌စကားလုံးကို ပီပီသသနဲ့ သေချာပြောပေးတယ်။ 

- Baby Books ဖတ်ပြပေးတယ်။ သားကစာအုပ်တွေအရမ်းစိတ်ဝင်စားတာတွေ့လာရတယ်။

ဒါတွေကတော့ ဖေဖေရောမေမေပါ အမြဲလုပ်ပေးဖြစ်တဲ့အရာတွေပါ။ ဘေးကနေ ကလေးအသက်အရွယ်လိုက် ဖွံ့ဖြိုးရမည့် ဖွံ့ဖြိုးမှုတွေနဲ့ ကိုက်ညီအောင် လှုံ့ဆော်ပေးတဲ့ အရာလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။

ဖတ်ရှုအားပေးကြတဲ့ ဖေဖေ၊မေမေတွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙏🙏🙏

နောက်ပိုင်းတွေမှာ ကလေးပျိုးထောင်နည်း Short video တွေလည်းလုပ်သွားဖို့ မျှော်လင့်ထားပါတယ်။ Vlog ကိုအားပေးကြတဲ့ ဖေဖေ၊မေမေတွေအနေနဲ့ မျှဝေထားတဲ့ အကြောင်းအရာတွေအပေါ်မှာ ဝေဖန်အကြံပြုနိုင်ပါတယ်။ လွဲချော်မှုတွေရှိနေရင်လည်း အမှန်ပြင်ပေးဖို့ ကူညီပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖေက ဒီအကြောင်းအရာတွေပေါ်မှာ ပညာရှင်အဆင့်မဟုတ်တာကြောင့် ကြိုးစားသင်ယူရင်း အကောင်းဆုံးမျှဝေပေးသွားပါမယ်။ ဒါကြောင့် Phay Phay Vlog ရဲ့ရည်ရွယ်ချက်ကတော့ ကလေးပြုစုပျိုးထောင်တဲ့အခါမှာ နည်းစနစ်မှန်ကန်အောင် ကြိုးစားလေ့လာပြီး ရည်ရွယ်ချက်တူ၊ ဝါသနာတူ လိုအပ်တဲ့ဖေဖေ၊မေမေများအတွက် ကလေးအသက်အရွယ်လိုက် မတူညီတဲ့အကြောင်းအရာတွေကို ကြိုးစားမျှဝေပေးသွားပါမယ်။ ဖေဖေ၊မေမေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ 🙏🙏🙏

ဖေဖေ၊မေမေများအနေနဲ့ အတူဆွေးနွေးတိုင်ပင်ရန် Group ဖွဲ့ပေးထားပါတယ်ခင်ဗျာ။

www.facebook.com/groups/myanmarparents/

Phay Phay Vlog မှအသစ်တင်တိုင်းဖတ်ရှုနိုင်ရန် 

https://www.facebook.com/phayphay.vlog/

ဖေဖေ‌နဲ့အတူ ဆွေးနွေးတိုင်ပင်နိုင်ရန်

http://m.me/phayphay.vlog

Phay Phay Vlog ကိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးပါ။

#Phayphayvlog

#ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများ

#ကလေးစောင့်ရှောက်ရေးနည်းလမ်းများ

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်။

#ကျေးဇူးပြု၍Creditပေးပါ။


No comments:

Post a Comment

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...