Saturday, November 27, 2021

သင့်ကလေးနေ့စဉ်ဘဝမှာသင်ကြားမှုပါသလား?

 သင့်ကလေးနေ့စဉ်ဘဝမှာသင်ကြားမှုပါသလား?

ကလေးတွေရဲ့ နေ့စဉ်ဘဝမှာ သင်ကြားမှုတွေကို မိဘတွေက ဖန်တီးထားပေးသင့်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်က ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်လို့ နေ့စဉ်ဘဝမှာ သင်ယူခွင့်ပေးနိုင်ရပါမယ်။ သင်တယ်ဆိုတဲ့နေရာမှာ စာသင်ကြားတာမျိုးတစ်ခုတည်းမဟုတ်ပဲ နိစ္စဒူဝ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ပါဝင်နိုင်အောင် မိဘများက အထူးဂရုပြုသင့်ပါတယ်။ ဥပမာ ထမင်းကိုယ်တိုင်စားတတ်အောင် လေ့ကျင့်ပေးတာ၊ အိမ်သာသွားတတ်အောင်သင်ကြားပေးတာ၊ အဝတ်စားလဲတတ်အောင်သင်ကြားပေးတာမျိုးတွေပါ။ အထူးသဖြင့် အရွယ်အလိုက် လုပ်နိုင်တာလေးကို တာဝန်ယူစေခြင်းပါပဲ။ မိဘတွေက ကလေးတွေကို အရာအားလုံးမိမိကပဲ အလုံးစုံလုပ်ပေးနေတယ် အလုပ်အရမ်းများလို့ အချိန်ကုန်သက်သာအောင် မြန်မြန်ဆန်ဆန် လုပ်လိုက်ခြင်းက ထိုအရာတွေကို ကလေးများမတတ်မြောက်စေပါဘူး။ ဒါကြောင့် ကလေးအရွယ်အလိုက် နေ့စဉ် စည်းကမ်းလေးသတ်မှတ်ပြီး လုပ်နိုင်တာလေးတွေကို လမ်းညွှန်သင်ကြားပေးရမှာဖြစ်ပါတယ်။ ဒီလိုအခွင့်အလမ်းပေးခြင်းဟာ ကလေးများရဲ့အနာဂတ် ဘဝရပ်တည်မှုမှာ များစွာအထောက်အကူပြုမှာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ခြင်းက မိမိကလေး နေ့စဉ်ဘဝမှာ သင်ကြားမှုတွေ တစ်ခုပြီးတစ်ခု တိုးတက်လာမှာဖြစ်လို့ ဖေဖေမေမေ တို့က အခုချိန်ကစပြီး စီစဉ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

https://www.facebook.com/phayphay.vlog/

#Phayphayvlog

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်

#ကျေးဇူးပြု၍Creditပေးပါ


No comments:

Post a Comment

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...