Saturday, November 27, 2021

ကိုယ်ဝန်ဆောင်မေမေကို ဖေဖေက ဘယ်လိုဂရုစိုက်မလဲ?

 ကိုယ်ဝန်ဆောင်မေမေကို ဖေဖေက ဘယ်လိုဂရုစိုက်မလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ ဖေဖေတွေဟာ မေမေ့ကို အရိပ်တကြည့်ကြည့်နေရပါမယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်မှဖြစ်ပေါ်လာသော ဝေဒနာများနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို အထူးဂရုစိုက်ပေးသင့်ပါတယ်။ မေမေ့အတွက် အစားအသောက်၊ နေထိုင်မှုပုံစံနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ဖတ်ရှုလေ့လာသင့်ပါတယ်။ ကျန်းမာရေးအရ မေမေ့အတွက် အဆင်ပြေသော အစားအသောက်များကိုလည်း ဖေဖေကိုယ်တိုင် ဖန်တီးပေးတာမျိုးလုပ်ဆောင်ပေးသင့်ပါတယ်။ မေမေတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်မသက်မသာဖြစ်တတ်တာကြောင့် ဖေဖေတွေက စိတ်ရှည်ရှည်နဲ့ အဆင်ပြေအောင် ညှိနှိုင်းတိုင်ပင်ပြီး နေထိုင်သင့်ပါတယ်။ မေမေ ပျော်ရွှင်အောင် ပျော်ရွှင်စရာရုပ်ရှင်အတူကြည့်တာ၊ အသေးအမွှားလေးကအစ ဂရုစိုက်ပေးရပါမယ်။ မကြာခင်မှာ ရောက်ရှိလာမည့် ရင်သွေးလေးအတွက် အတူစိတ်ကူးပုံဖော်တာမျိုး၊ လိုအပ်တဲ့ ပစ္စည်းလေးတွေကို အတူထွက်ဝယ်တာမျိုးလည်းလုပ်ဆောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေအတွက် ဖေဖေ့ရဲ့ဂရုစိုက်မှုတွေဟာ အရမ်းကို အရေးကြီးပါတယ်။ မေမေပျင်းမနေအောင် စကားတွေအတူပြောပေးတာ၊ ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်တဲ့ စာပေဗဟုသုတများ အတူဖတ်ပြီး ပြန်ပြီး မျှဝေတာတွေကိုလည်းလုပ်ဆောင်ပေးသင့်ပါတယ်။ ကဲအခုဆို ဖေဖေက မေမေ့ကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာသိသွားပြီဆိုတော့ ဂရုစိုက်လိုက်ပါအုံးနော်။

https://www.facebook.com/phayphay.vlog/

#Phayphayvlog

#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်

#ကျေးဇူးပြု၍Creditပေးပါ



1 comment:

ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား?

  ကလေးကို အပြစ်ပေးမှာလား အချစ်ပေးမှာလား? ************************************ မိဘတိုင်းကတော့သားသမီးကို ချစ်ကြတာပါပဲ ဒါပေမဲ့ နည်းလမ်းမှန်မှန်...