ဘာလေးပဲဖြစ်ဖြစ် ဖေဖေချစ်တယ်
*****************************
မေမေ့ဗိုက်ထဲက ဘေဘီလေးက ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းခလေးပဲဖြစ်ဖြစ် ဖေဖေချစ်တယ်။ ဘာလေးပဲလိုချင်တယ်လို့ သတ်မှတ်ထားတာလဲမရှိဘူး။ ကလေးပျိုးထောင်ခြင်းကို စိတ်ဝင်စားသူဖြစ်တာကြောင့် ဘယ်လိုပျိုးထောင်မလဲဆိုတဲ့ အကြောင်းပဲစဉ်းစားဖြစ်ပါတယ်။ သားသားလေးဆိုရင် ဘာတွေ ဘယ်လိုသင်ပေးပြီး ဘယ်လိုကြီးပြင်းစေမယ်ဆိုတာနဲ့ မီးမီးဆိုရင်လည်း ဘယ်လိုအရာတွေ ဘာအကြောင်းအရာတွေနဲ့ ဘဝကို ဘယ်လို ရပ်တည် ကြိုးစားတတ်သူတစ်ယောက်ဖြစ်အောင် လမ်းညွှန်ပေးမယ်ဆိုတာပဲ စိတ်ကူးထားဖြစ်ပါတယ်။ တကယ်တော့ ယောက်ျားလေး၊ မိန်ကလေးဖြစ်တည်ခြင်းထက် ရလာတဲ့ ကိုယ့်ရဲ့ရင်သွေးလေးကို ဘယ်လိုပုံစံနဲ့ ကြီးပြင်းစေပြီး ဘာတွေပံ့ပိုး ပျိုးထောင်ပေးတယ်ဆိုတာက အရေးကြီးပါတယ်။ များသောအားဖြစ် ဖေဖေတွေက သားယောက်ျားလေး လိုချင်ကြတယ်လို့ သိထားပါတယ်။ တကယ်တမ်း မိန်းခလေးရတော့လည်း ချစ်ကြတာပါပဲ။ ဒါပေမဲ့ အချို့ မိဘများ ဆွေးနွေးတိုင်ပင်တဲ့ Group အချို့မှာ ယောက်ျားလေး၊ မိန်းခလေးသိရတဲ့ အချိန် သားယောက်ျားလေးလိုချင်တဲ့ ဖေဖေတွေက ကိုယ်ဝန်သယ်မေမေကို စိတ်ဆိုးပြီး မခေါ်မပြောတဲ့ အထိရှိနေတာကို တွေ့ရတော့ တကယ်ဝမ်းနည်း မိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေကို ကိုယ်ရောစိတ်ပါ ပျော်ရွှင်အောင်ထားပေးရပါတယ်။ အမြဲအားပေးရမယ်။ ပျော်ရွှင်စရာတွေဖန်တီးပေးရမယ်။ အရင်ကထက်ပိုဂရုစိုက်ပေးရမယ်။ မွေးဖွားလာမည့်ရင်သွေးလေးအတွက် ပြင်ဆင်ကြရမယ်။ ကလေးပျိုးထောင်နည်းတွေ အတူလေ့လာ မျှဝေရမယ်။ အနာဂတ်မိသားစုဘဝလေးကို အတူစိတ်ကူးပုံဖော်ရင်း လိုအပ်တာတွေပြင်ဆင်ကြရပါမယ်။ ဒီစာကို ဖတ်နေတဲ့ ဖေဖေ၊ မေမေတို့လည်း မွေးဖွားလာမည့်ရင်သွေးလေးက သားသားလေးပဲဖြစ်ဖြစ်၊ မိန်းခလေးပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး လက်ခံနိုင်အောင် ရှင်းပြပေးပြီး အနာဂတ်မိသားစုလေးအတွက် စိတ်ကူးပုံဖော်ပြီး ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။
https://www.facebook.com/phayphay.vlog/
#Phayphayvlog
#ကူးယူမျှဝေလိုပါကလွပ်လပ်စွာမျှဝေနိုင်ပါတယ်
#ကျေးဇူးပြု၍Creditပေးပါ
No comments:
Post a Comment