ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံကို အတူလေ့လာသင်ယူပါ
#################################
ဖေဖေကတော့ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံကို ကိုယ်တိုင်လေ့လာသင်ယူသလို မေမေ့ကိုလည်း သိထားသမျှမျှဝေပြီး အတူလေ့လာသင်ယူဖြစ်ပါတယ်။ ပိုပြီးလေ့လာဖြစ်လေ ပိုသိလာလေဖြစ်သလို ဂရုစိုက်ရမည့်အရာတွေလည်းပိုများလာပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ရင်သွေးလေးအတွက် ကြိုတင်ပြင်ဆင်သင့်တာတွေလည်းသိရှိလာပါတယ်။ ဖေဖေကတော့ အခုမှသားဦးကိုယ်ဝန်မို့ အရမ်းကိုဂရုစိုက်ဖြစ်ပါတယ်။ အခုမှ ဖခင်ဖြစ်ရမည့်သူဆိုတော့ မသိတာတွေများတဲ့အလျှောက် ပိုပြီးလေ့လာဖြစ်ပါတယ်။ မှန်ကန်တဲ့ အသိပညာတွေဖြစ်ဖို့လည်း ရွေးချယ်လေ့လာရပါတယ်။ အများပြောတာကို ထင်ယောင်ထင်မှားနဲ့ မသေချာမရေရာပဲ လိုက်လုပ်မိရင် အန္တရာယ်ရှိတာကြောင့် ကိုယ်တိုင်အမှန်သိအောင် လေ့လာသင်ယူသင့်ပါတယ်။ ပြောပြလမ်းညွှန်တဲ့သူရဲ့ပြောပြချက်က မှန်မမှန် ဆင်ခြင်သုံးသပ်ဖို့ဆိုရင် ကိုယ်တိုင်သိရှိအောင် လေ့လာသင်ယူရပါတယ်။ တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေဆီကနေနည်းနာယူပြီး လေ့လာသင်ယူ ကျင့်သုံးနေထိုင်သင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလဟာ အရမ်းကို အရေးကြီးတာကြောင့် နေ့စဉ်ဂရုစိုက်နေထိုင်သင့်တာကို လေ့လာသိရှိရပါတယ်။ ဒီစာကိုဖတ်နေတဲ့ ဖေဖေ၊ မေမေတို့လည်း ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံကို အတူလေ့လာဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
🙏အားလုံးအဆင်ပြေကြပါစေ🙏
#phayphayvlog
 
 
 
 
 
No comments:
Post a Comment